Wednesday, May 4, 2016

Windows 7 မှာဖြစ်တပ်တဲ့ This Copy Of Windows is Not Genuine ကိုဖြေရှင်းနည်း

Unknown | 12:45:00 AM | Best Blogger Tips

windows 7 is not genuine 
Step 1
ပထမအဆင့်အနေနဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူရမှာဖြစ်ပါတယ် ဒီလိုခေါ်ယူဘို့ ရန် Start Menu ကိုသွားပြီး Search ထဲကနေ CMD လို့ ရိုက်သွင်းပါ ဒီအခါမှာအောက်ပါပုံထဲကလို cmd သို့ မဟုပ် cmd.exe ဆိုတာကိုတွေ့ ရပါမယ်။ အဲဒီ CMD အပေါ်မှာ Right Click နှိပ်ပေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ CMD နေရာကို မျှားအနီနဲ့ ပြပေးထားပါတယ်။

Start Menu

ဒီအခါမှာ Pop-Up Dialog Box လေးကပ်ပြီးပေါ်လာမှာဖြစ်ပါတယ် ဒီ Dialog Box ထဲကိုကြည့်ပါ Run as administrator ဆိုတဲ့စာကိုတွေ့ ရမှာဖြစ်ပါတယ် ဒီနေရာကိုတော့ မျှား အနက်ရောင်နဲ့ ပြပေးထားပါတယ် ကလစ်နှိပ်ပြီးဖွင့်ပေးပါ။ ဒီအခါမှာတော့ အောက်ကပုံထဲကလို CMD Command Prompt ပွင့်လာမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့် ပါ။ 

windows 7 is not genuine

Step 2
ဒုတိယ အဆင့်အနေနဲ့  အဲဒီ CMD Box ထဲမှာ SLMGR -REARM ဆိုတာလေးဘဲ ရိုက်ထဲ့ပေးရမှာဖြစ်ပါတယ် ဒီလို ရိုက်ထဲ့တဲ့အခါမှာ အရေးကြီးတာက SLMGR ကိုရိုက်ပြီးရင် Space တစ်ချက်ခြားပေးပြီးမှ -REARM ကိုရိုက်ပေးရမှာဖြစ်ပါတယ် အထက်ကပုံကိုသေခြာကြည့်ပါ မျ ဉ်း အနီရောင်နဲ့ သေခြာတားပြပေးထားပါတယ်။

Step 3
တတိယ အဆင့်ကတော့ SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးပြီးသွားရင် Keyboard က Enter ကိုခေါက်ပေးလိုက်ရုံပါ။

Step 4
စတုတ္ထ အဆင့်မှာတော့ သင် SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးလိုက်တယ်ဆိုရင် သင့်ရဲ့လုပ်ဆောင်မှု အောင်မြင်တာကိုပြပေးတဲ့ အောက်ပါပုံကိုတွေ့ ရမှာဖြစ်ပါတယ်

windows 7 is not genuine

Step 5
ပဉ္စမ အဆင့်ကတော့ သင့်ရဲ့ PC သို့ မဟုပ် Laptop ကို Restart ပြန်ချပေးလိုက်ရုံလေးပါဘဲ အထက်က ပုံမှာလဲ သင့်စက် ကို Restart လုပ်ဖို့ ရေးပေးထားပါတယ် ဒီတော့ OK ပေးပြီးထွက်လိုက်ပါ ဒီနေရမှာ တစ်ခုသတိထားရမှာကတော့ CMD Command Prompt ထဲမှာ EXIT လို့ ရိုက်ပေးပြီး Enter ခေါက်ပြီး ပြန်ပိတ်ပေးလိုက်ပါ ပြီးမှ သာ Restart ပြန်ချပေးလိုက်ပါ။

  မူရင်း Link ကိုလဲ ထဲ့ပေးထားလိုက်ပါတယ်ဗျာ။
မူရင်း Link ကို ဒီနေရာမှသွားပါ

အဆင်ပြေကြပါစေဗျာ
Credit org
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...