Friday, April 29, 2016

Portable Software ပြုလုပ်နည်း

Unknown | 9:31:00 PM | Best Blogger Tips

 
Portable Software ပြုလုပ်နည်းလေးပါ။ သိပီးသူ
တွေ သိသလို မသိသေးတဲ့ သူတွေလဲ
ရှိပါတယ်။ အားလုံးလဲ စိတ်ဝင်စားမယ်လို့
မျှော်လင့်ပါတယ်။ File Size က 1 MB ပဲ ရှိပါတယ်။ ကျွန်တော်ရေးထားတဲ့ PDF မဟုတ်ပါဘူး Brother တစ်ယောက် ရေးထားတဲ့ဟာပါ။ :-) 
Download Here

*အားလုံးကို ကျေးဇူးတင်ပါတယ်။

အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Blog ကို အခြေခံကအစ ဘယ်လိုလေ့လာမလဲ ?????

Unknown | 9:07:00 PM | Best Blogger Tips

  Blog တစ်ခု အလွယ်တကူ တည်ဆောက်ပီး ကောင်းမွန်အောင် ဘယ်လို ပြုပြင်မလဲ ????

Credit - ဘလော့ခရီးသည်

    အားလုံးပဲ မင်္ဂလာပါဗျာ ။
ဒီတခါတော့ Blog နဲ့ ပက်သက်တဲ့ စာအုပ်တွေ တင်ပေးလိုက်ပါတယ်။
ဒီ စာအုပ်မှာ ပါတဲ့ ဟာတွေကတော့

* Blog တစ်ခု တည်ဆောက်နည်း
* Blog မှာ Post တင်နည်း
* Blog မှာ Link ချိတ်နည်းနဲ့ Lable ထည့်နည်း
* Blog Template ပြုပြင်နည်း
* Template Download ဆွဲခြင်းနဲ့ Template
    သွင်းနည်း
* Blog မှာ Music Player ထည့်နည်း
* Blog မှာ တခြား Author တွေကို Invite နည်းနဲ့ မိမိကို Invite လျှင် Accept နည်း
* Blog မှာ Chat Roll ထည့်နည်း
* မိမိ Blog မှာ Powered By Blogger ဖြုတ် နည်း
* မိမိ Blog ကို Import / Export / Delete လုပ်နည်း
* Blogger တစ်ယောက်အတွက် သိသင့်သောအရာများ
* မိမိ Blog ကို APK လုပ်နည်း
* မိမိ Blog Speed မြှင့်နည်း

ဒါတွေပဲ ဖြစ်ပါတယ် ။ Blog ရေးချင်တဲ့ သူတွေ အတွက် လုံလောက်ပါတယ်။ File Size ကတော့ 13 MB ရှိပါတယ်။ 
မိမိတို့ နှစ်သက်ရင် ဆွဲသွားပါ။ အဆင်မပြေတဲ့ နေရာ ကို ပြန်လည်မေးမြန်းနိုင်ပါတယ်။ အားလုံး ပဲ အဆင်ပြေကြပါစေ ။



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

မိမိဖုန်းမှာ Music APK ကို အလွယ်တကူ ဖန်တီးကြရအောင်

Unknown | 8:48:00 PM | Best Blogger Tips

 

  အားလုံးပဲ မင်္ဂလာပါ ။ ဒီတစ်ခါတော့ အားလုံးစိတ်ဝင်စားမယ့် APK လေးတင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့ အရင်က Music APK တွေ လုပ်ချင်ရင် Computer ရှိမှ ရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း Android မှာ တင် ရေးနိုင်အောင် Code တွေ မျှဝေလာကျပါ တယ်။ အဆင်ပြေတဲ့သူလဲ ရှိသလို မပြေတဲ့သူလဲ
ရှိပါတယ်။ အခုကျွန်တော် တင်ပေးမယ့် APK လေးက Music APK ကို အလွယ်တကူ ဖန်တီး နိုင်တဲ့ APK လေးပဲ ဖြစ်ပါတယ်။ အသုံး
ပြုရတာလဲ အရမ်းလွယ်ပါတယ်။ ဘာ Code မှလဲ မလိုပါဘူး။ File Size အနေနဲ့လဲ 1.9 MB ပဲ ရှိတော့ အလွယ်တကူ Download ဆွဲ နိုင်ပါတယ်။ စိတ်ဝင်စားရင် အောက်မှာ ဒေါင်းသွား ပါ။


credit org
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
 
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Thursday, April 28, 2016

ကိုယ့်ကွန်ပျူတာထဲ့က data တွေကို တခြားသူတွေမသိအောင် Secret Disk နဲ့ ဖွက်မယ်

Unknown | 12:12:00 AM | Best Blogger Tips

ကိုယ့်ကွန်ပျူတာထဲမှာ သူများတွေမမြင်စေချင်ရင် software သုံးပြီး သိမ်းတဲ့နည်းပါခင်ဗျာ။။ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်ခင်ဗျာ ။။ အရင်ဆုံး software ကို ဒီမှာ  ဒေါင်းပါခင်ဗျာ။ 1.96 MBပဲ ရှိပါတယ်ခင်ဗျာ။။ ဒေါင်းပြီးရင်အောက်ပါအတိုင်း တဆင့်ချင်း software တင်လိုက်ပါခင်ဗျာ။။ ရလာတဲ့ software ကို နှစ်ချက်ကလစ်လိုက်ပါ
Step  1 Next ကို နှိပ်ပါ

Step  2 Agree ကို နှိပ်ပါ
Step 3 Next ကို နှိပ်ပါ
Step  4 OK ကို နှိပ်ပါ
Step  5 သူ မေးထားခဲ့မှာလား လို့မေးပါလိမ်မယ် No thanks လို့ နှိပ်လိုက်ပါ
Step 6 အဲ့တာဆိုရင်တော့ installing ပြီးပါပြီ Desktop မှာ ရှိတဲ့ secret disk shortcut ကို နှိပ်ပြီး ဖွင့်လိုက်ပါ
Step 7 password ကို ကိုယ်ကြိုက်တာပေးလိုက်ပါ နှစ်ခါ ထည့်ပေးရပါမယ်

Step 8 ဒီအဆင့်ကိုရောက်ရင် တော့ အားလုံး ပြီးတဲ့အဆင့်ကိုရောက်ပါပြီ  Yes ကို နှိပ်လိုက်ပါ
Step 9 ခုနက ထည့်ခဲ့တဲ့ password ကို ပြန်ထည့်ပေးလိုက်ပါ Unlock ကို နှိပ်ပါ 
My Computer မှာ ကြည့်ကြည်လိုက်ပါ Hardisk partition တစ်ခု အပိုထွက်လာတာကို တွေ့ရမှာပါခင်ဗျာ။ ဒါဆိုရင်တော့ ထွက်လာတဲ့ Partition ထဲကို စိတ်ကြိုက် သိမ်းလိုက်ပေါ့ ပြန်ပိတ်မယ်ဆိုရင်တော့ Task bar ရဲ့ ညာဘက် ထောင့်နားက အောက်ပုံအတိုင်းလေး ပိတ်လိုက်ပေါ့ဗျာ။။



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Wednesday, April 27, 2016

Animation ပြုလုပ်နည်း

Unknown | 2:48:00 AM | Best Blogger Tips

အခုတင်ပြပေးနေတာတွေကို သူငယ်ချင်းတို့မှာ Photoshop အခြေခံလေးရှိနေရင်ပိုပြီးနားလည်မယ်လို့ထင်ပါမယ်။
အခုလေ့ကျင့်ခန်းလေးကတော့ အောက်မှာ ပြထားတဲ့အတိုင်း ငှက်ကလေးပျံနေတဲ့ Animation လေးပါ။
 
(၁) ပထမဆုံး Photoshop ထဲကို အရင်ဝင်ပေးပါ။ Name မှာ background လို့ အမည်ပေးလိုက်ပါတယ်။ Width 650 pixels, Height 433 pixels, Resolution 72 ယူထားပါတယ်။ ပြီးလျှင် OK လုပ်လိုက်ပါ။

(၂) အောက်မှာပြထားအတဲ့အတိုင်း နောက်ခံဒီဇိုင်းလေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အခြားသင်နှစ်သက်တဲ့ ဒီဇိုင်းလေးကိုလည်းဖန်တီးနိုင်ပါတယ်။

(၃) ဒီတစ်ခါတော့ Adobe ImageReady ကို Photoshop Toolbox အောက်ဆုံးက မြားပြထားတဲ့ Edit in ImageReady ကို Click လုပ်လိုက်ပါ။ အချိန်ကလေးနဲနဲစောင့် ပေးပါ။

(၄) Adobe ImageReady ထဲကိုရောက်လာပါပြီ။

(၅) Task bar ပေါ်က Adobe Photoshop ကို Click လုပ်ပြီး Photoshop ထဲ ပြန်ဝင်ပေးပါ။
File က New ခေါ်ပြီး အောက်မှာပြထားတဲ့အတိုင်း ပြင်ဆင်ပြီး OK လုပ်လိုက်ပါမယ်။

(၆) Tool box က Custom Shape Tool ကို ရွေးလိုက်ပါ။

(၇) Shape ထဲက ဖော်ပြထားတဲ့ ငှက်ပုံလေးကို ရွေးလိုက်ပါမယ်။

(၈) ငှက်ပုံလေးကို ဆွဲလိုက်ပါမယ်။

(၉) Layer menu ထဲက Flatten Image ကိုရွေးလိုက်ပါ။

(၁၀) Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C နှိပ်ပြီး Copy လုပ်ပါ။
(၁၁) Adobe ImageReady ထဲကို Task bar ကနေ သွားလိုက်ပါ။ Ctrl + V ကို နှိပ်ပြီး Paste လုပ်ပေးပါ။ အောက်ပါအတိုင်း ငှက်ပုံလေးပေါ်လာပါမယ်။

(၁၂) Tool box ထဲက Magic Wand Tool ကိုရွေးလိုက်ပါ။

(၁၃) ငှက်ဘေးက အဖြူကွက်ကို Click လုပ်ပါ။ Delete Key နှိပ်ပြီးဖျက်လိုက်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

(၁၄) Move tool ကို Click လုပ်ပြီး ငှက်ပုံကို ဘယ်ဖက်ကို နေရာရွှေ့ပေးပါ။

(၁၅) Layer Palette မှာ Layer1 ဆိုပြီးပေါ်နေပါတယ်။ အကယ်၍ Layer Palette မပေါ်ရင်တော့ Keyboard က F7 ကိုနှိပ်ပြီး ခေါ်နိုင်ပါတယ်။

(၁၆) မြားပြထားတဲ့ Duplicates current frame ကို Click လုပ်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်။

(၁၇) Tool box က Move Tool ကို Click လုပ်ပေးပါ။

(၁၈) ငှက်ပုံလေးကို ညာဖက်နဲနဲရွှေ့ပေးပါ။ သတိထားရမှာက Layer1 က Active ဖြစ်နေရမှာဖြစ်ပါတယ်။

(၁၉) မြားပြထားတဲ့ Duplicates current frame ကို Click ပြန်လုပ်ပါ။ ငှက်ပုံလေးကို ညာဖက်နဲနဲထပ်ရွှေ့ပေးပါ။

(၂၀) Duplicates current frame ကို Click ပြန်လုပ်ပါ။ ငှက်ပုံလေးကို ညာဖက်နဲနဲထပ်ရွှေ့ပေးပါ။ ငှက်ကလေး ညာဖက်အဆုံးကို ရောက်သွားအောင် ၁၄ ကြိမ် လောက်ပြန်လုပ်ပေးပါ။

(၂၁) ပုံတွေများနေလို့ နောက်ဆုံး ငှက်ကလေးကို နေရာရွှေ့ပြီးတဲ့ အနေအထားလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၂၂) Animation palette ပေါ်က Play button ကို Click လုပ်လိုက်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်-

(၂၃) Animation Palette က Frame အားလုံးကို Click လုပ်ပါ။ Animation ပြလုပ်နည်းမှာ ဖော်ပြထားတဲ့အတိုင်း ညာဖက် Mouse ကို Click လုပ်ပြီး နှစ်သက်တဲ့အချိန် Delay ရွေးပေးပါ။ Play ပြန်လုပ်ကြည့်ပါ။
ကျွန်တော်ကတော့ Delay ကို 0.2 Second ရွေးလိုက်ပါတယ်။ Play ပြန်လုပ်ကြည့်ပါတယ်။
(၂၄) သင်စိတ်တိုင်းကျပြီဆိုရင်တော့ File menu က Save Optimized ကို ရွေးပြီး နှစ်သက်ရာနံမည်နဲ့ သိမ်းပြီး Web Page နဲ့ အခြားနှစ်သက်တဲ့နေရာမှာ အသုံးပြုနိုင်ပါပြီ။

အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

ပုံအရှင်လေးလုပ်မယ်

Unknown | 2:29:00 AM | Best Blogger Tips

 
Photo​တွေကို လှုပ်​ရှားသက်​ဝင်​လာ​အောင်​ animationပြုလုပ်​​ပေးမယ့် ဆော့​ဝဲ​လေးတစ်​ခုတင်​​ပေးလိုက်​ပါတယ်​ မိမိလက်​ရှိရိုက်​လိုက်​တဲ့ ပုံ​တွေကိုပဲဖြစ်​ဖြစ်​၊ ဒါမှမဟုတ်
galleryထဲမှာ ရှိထားပြီးတဲ့ပုံ​တွေကိုပဲဖြစ်​ဖြစ်​၊ပုံအရှင်​gif animation ​လေး​တွေလုပ်​​ဆောင်​နိုင်​ပါတယ်​။
ပုံ​တွေကိုလည်း မိမိလုပ်​​ဆောင်​ခြင်​သ​လောက်
unlimited အများကြီးပြုလုပ်​နိုင်​မှာပါ။ ဒါ့အပြင်
animationလုပ်​မယ့်​ပုံများရဲ့အကွာအ​ဝေးspeedကိုလည်း လိုသလိုချိန်​ညှိလုပ်​​ဆောင်​နိုင်​ပါတယ်​။ ဖုန်းများမှာထည့်​သွင်း installလုပ်​၍ အသုံးပြုနိုင်​မှာပဲဖြစ်​ပါတယ်
file size - 4.2MB
 

အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Tekken 5 tag Tournament

Unknown | 1:34:00 AM | Best Blogger Tips

 
Tekken  5 tag  Tournament    game လေးတင်ပေးလိုက်ပါတယ်  ဝါသနာ တူ မိတ်ဆွေများ  အလွယ်တကူ ဒေါင်းယူနိုင်ပါတယ်   အသုံးပြု နည်း လေးပါထည့်ထားပါတယ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်   ဒီကောင်လေးက   66.9 MB  ရှိပါတယ်  ကျွန်တော် လင့်ပေးထားပါတယ်  အဆင်မပြေတာရှိရင် ပြေားခဲ့ နိုင်ပါတယ် ခင်ဗျာ



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

ကိုယ်ပိုင်Blogတစ်ခု တည်ဆောက်ခြင်း(WordPress Installation Guide) [1Mb]

Unknown | 1:23:00 AM | Best Blogger Tips

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5ml2YUFm69iE_fT_rE_O3EcWDyH-sLgWgr-N9Vjs-IVkFmEeFYuA4idUK09SZuWiG0qor_9tT2DRgKUywHYFalGewn_h-bRVEu6ru6B7T9FFmqrfWUTmqgUAWwAP3CkI4VRkZmG5M2o/s1600/word+press+building+a+blog.jpg

ရေးသားပြုစုသူကတော့ လရိပ်ဖြစ်ပါတယ်
Blogပြုလုပ်လိုသူများဖတ်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်
လိုချင်သူများဒေါင်းနိုင်ကြပါပြီ
 

အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Tuesday, April 26, 2016

အရမ်းမြန်ဆန်တဲ့ Web Browser for Android Wear Apk

Unknown | 11:10:00 PM | Best Blogger Tips

 
Android OS နှင့် Tablet  ကိုင်ဆောင်သူများအတွက် မိမိ ဖုန်းထဲ့ကနေ ဝက်ဆိုဒ်တွေကို  အမြန်ဆုံးနှင့် ဝင်ရောက်နိုင်မယ့်  Web Browser for Android Wear v1.1.160413 Apk လေးပါ။
ဒီကောင်လေးက မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့နှင့် Web တွေကို  တစ်ခြား Browser တွေထက် 100% လောက်မြန်ဆန်တဲ့ ကောင်းကွက်တွေအများကြီး ပါဝင်တာမို့ သူငယ်ချင်းတွေအသုံးပြုလို့ ရအောင်လို့ တင်ပေးလိုက်ရတာပါဗျာ၊၊ 


အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Avast Premier Antivirus 2016 (209 MB )

Unknown | 11:06:00 PM | Best Blogger Tips

 

 ကွန်ပျူတာ တိုင်းမှာ မရှိမဖြစ် ဆောင်းထားရမည့် Avast Antivirus တစ်ခု ဖြစ်ပါတယ်။

လိုင်စင်သက်တမ်း 2019/2021 အထိရတဲ့ License File ပါဝင်တဲ့ Avast

Premier Antivirus 2016 လေးပါဗျာ။

Windows Vista/7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။


or



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်

Unknown | 10:39:00 PM | Best Blogger Tips

 

ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..


Windows  မတင်ခင်ဘာတွေလုပ်သင့်လဲ ?

ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ


Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ 

နောက်တစ်ချက်က  Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Destop ပေါ်မှာရှိတဲ့ ဖိုင်တွေ ၊ ပုံတွေ
Shortcut တွေ ၊ပြီးရင် Libraries ထဲမှာရှိတဲ့ Documents ထဲက Google Talk Received Files ထဲမှာရှိတဲ့
တဲ့ဖိုင်တွေ ၊ ပြီးရင် Favorites ရဲ့ Download ထဲမှာရှိတဲ့ မိမိတို့ဒေါင်းလော့ချထားပြီးသီးသန့်သိမ်းမထားတဲ့ဖိုင်
တွေ ၊ ပုံတွေ ၊ Movie တွေ အကုန်လုံး Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ အကုန်လုံးပျောက်သွားမှာဖြစ်ပါ
တယ်..မိမိတို့အနေနဲ့ Windows တစ်ခုတင်တော့မယ်ဆိုရင် မိမိတို့အသုံးလိုတဲ့ ဖိုင်တွေသိမ်းပြီးမပြီး စစ်ပေးဖို့လို
ပါလိမ့်မယ်..





နောက်တစ်ချက်ကတော့ Windows တစ်ခုမတင်ခင် အရင်ဆုံးမိမိတို့ ရဲ့ကွန်ပျူတာမှာဝင်ဒိုးတင်ပြီးရင်တင်ဖို့
လိုမဲ့ Application Software တွေကို တစ်စုတစ်စည်းထဲသိမ်းဆည်း ထားဖို့လိုပါလိမ့်မယ်..Windows တင်ပြီးမှလိုအပ်တဲ့ ဆော့ဝဲလ်တွေလိုက်ရှာနေတာထက် အရင်ဆုံး လိုအပ်တာတွေကိုစုပြီး တစ်စုတစ်စည်းထည်းသိမ်းပြီး
ထားတာကပိုပြီး အဆင်ပြေပါလိမ့်မယ်..ကျွန်တော်အခုအောက်မှာ Windows တင်ပြီးရင် အဓိကလိုအပ်မဲ့ဆော့
ဝဲလ်တွေကိုတင်ပေးထားပါတယ်…မိမိတို့ရဲ့ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်အရင်ဆုံး ဒေါင်းလော့ချပြီး ဖိုဒါတစ်ခုနဲ့သိမ်းထားလိုက်ပါ ဒါဆိုရင် Windows တင်ပြီးတဲ့အခါ အလွယ်တကူရှာဖွေ ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်..
အချိန်ကုန်မြန်တာပေါ့ဗျာ..

Zawgyi-One and Unicode Font

Zawgyi-One and Unicode Font ကိုဒီအောက်ကလင့်မှာ Install လုပ်နည်းနဲ့ပါတင်ပေးထားပါတယ်..

ဒီလင့်ကနေသွားလိုက်ပါ..
Adoble Reader 




ဒီကောင်ကတော့ ကျွန်တော်တို့ PDF File နဲ့ရေးထားတဲ့ E-Book တွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့အသုံး
ပြုပါတယ်..

Download Adoble Reader

Adoble Flash Player




ဒီကောင်ကတော့ ကျွန်တော်တို့ U-Tube မှာတင်ထားတဲ့ Video File တွေ Flash File တွေကိုအလွယ်တကူ
ကြည့်နိုင်ဖို့အတွက်လိုအပ်ပါတယ်..


Download  Adoble Flash Player

Adobe AIR 2.7.1


 

Adoble Shockwave Player
Players 


Video File တွေ Mp 3 ဖိုင်တွေကိုဖွင့်ဖို့အတွက်လိုအပ်တဲ့ Player တွေကိုတော့အောက်မှာတင်ပေးထားပါ
တယ်..မိမိတို့လိုအပ်တာကို ရွေးပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ..


JetAudio Download 


Gom Player and Skin Download 

VLC Media Player Download
  
windows media player Download

RealPlayer Portable Download

 

WinRAR 
ကျွန်တော် လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ဖြစ် စာအုပ်တွေကိုပဲဖြစ်ဖြစ် Internet ပေါ်ကနေဒေါင်းလော့ချတဲ့အခါ
အများစုကို WinRAR သုံးပြီးတော့ချုပ်ထားတာများပါတယ်..ဒါကြောင် winrar ဖိုင်တွေကိုအလွယ်တူဖြည်နိုင်
ဖို့အတွက် Winrar မိမိတို့ရဲ့စက်မှာရှိထားသင့်ပါတယ်..

WinRAR Download

Browser

ကျွန်တော်တို့မိမိတို့ ကြည့်ချင်တဲ့ Website တွေကိုအလွယ်တကူကြည့်နိုင်ဖို့အတွက် Browser တွေကို
အသုံးပြုပါတယ်..


Firefox  Download

Chrome Download

Chat 

 အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းများ မိသားစုများ တစ်ဦးနှင့်တစ်ဦး နေရာဒေသဝေးကွာနေသော်
လည်းအလွယ်တကူ ဆုံးတွေနိုင်ဖို့အတွက် G-talk , Vzo ,Skype တို့ကိုအသုံးပြုကြပါတယ်..ကျွန်တော်လိုအပ်
တဲ့သူတွေအတွက်အောက်မှာစုပြီးတင်ပေးထားပါတယ်..


G-talk Download

vzoChat  Download 


Skype Download

နောက်တစ်ခုကတော့ Firefox အသုံးပြုတဲ့သူတွေအတွက် Firefox Bookmark  မှာမိမိတို့ မှတ်သားထားတဲ့
လင့်တွေပျောက်မသွားအောင် ဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ အောက်ကလင့်ကျွန်တော်ရှင်းပြ
ပေးထားတာရှိပါတယ်..

ဒီလင့်ကနေသွားပြီးကြည့်လိုက်ပါ.. 

နောက်တစ်ချက်ကတော့  Windows တင်မဲ့ Partation ကိုအရင်ဆုံး မှတ်ထားပေးဖို့လိုပါလိမ့်မယ်..ဘာလို့လဲ
ဆိုတော့ ကျွန်တော်ကြုံ ဖူးလို့ပါ။ Windows တင်လာလိုက်တာ မိမိတို့ Windows တင်မဲ့ Partation ကို Formatရိုက်ခါနီးကျမှဘယ် Partation ကို Format ချရမှန်းမသိလို့အစကနေပြန်ပြီးတော့ တင်ရတာမျိုးရှိလို့ပါ.ဒါကြောင့်Windows မတင်ခင် မိမိတို့ Format ရိုက်မဲ့ Partation ရဲ့ Disc Space ကိုမှတ်ထားလိုက်ပါ..ဒါဆိုရင် Formatချတော့မယ် ဆိုရင်မိမိတို့ Format ချချင်တဲ့ Partation ကိုအလွယ်တကူရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်..




Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
အပေါ်ကအတိုင်းပြင်ဆင်ပြီးပြီ ဆိုရင်တော့ Windows 7 ကိုအလွယ်တကူတင်တက်သွားအောင် Windowsတင်နည်းအဆင့်ဆင့်ကို အောက်မှာပုံလေးတွေနဲ့ ဆက်ပြီးရှင်းပြပေးထားပါတယ်..
Windows XP နဲ့ Windows Vista တင်နည်းစာအုပ်တွေကိုလဲအောက်ကလင့်တွေမှာတင်ပေးထားတာရှိ
ပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်ကလင့်တွေမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..
ကျွန်တော် Bios ထဲက Advanced  Bios Setting ကိုသွားပြီး  Boot Setting ကိုကြေငြာပေးဖို့လိုပါတယ်.
First boot device = CD ROM
Second boot device=Hard Disk
Third boot device=Disable
ဆိုပြီးကြေငြာပေးထားဖို့လိုအပ်ပါတယ်..ဒါမှသာ Computer စဖွင့်ဖွင့်ခြင်း Post လုပ်ငန်းစဉ်ပြီးလို့ Bios ကိုစစ်
တဲ့အခါမှာ First Boot က CD ROM လို့ကြေငြာပေးထားတဲ့ အတွက် CD ROM ကအလုပ်လုပ်ပါလိမ့်မယ်..
အခုလိုမကြေငြာပေးဘူးဆိုရင် CD ROM က Windows ခွေကိုမဖတ်ပဲ အရင် Windows ပြန်တက်လာပါလိမ့်
မယ်..Boot Setting ကိုဘယ်လိုကြေငြာပေးရမလဲ ဆိုတာကိုတော့
ကျွန်တော်အောက်မှာရှင်းပြပေးထားပါတယ်..
အရင်ဆုံး မိမိတို့ကွန်ပျူတာကို Restart ချလိုက်ပါ..Windows ပြန်တက်မလာခင် Key Board မှ 
Delete Key 
ဆက်တိုက်နှိပ်ထားလိုက်ပါ..ဒါဆိုရင်ကျွန်တော်တို့ BIOS ထဲကိုရောက်သွားပါလိမ့်မယ်..အောက်မှာပုံနဲ့
တော့ပြပေးထားပါတယ်..Mother Board တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တဲ့ Bios Setting ပုံစံချင်းလဲတူမှာမဟုတ်
ပါဘူး..အောက်ကပုံမှာပြထားတာနဲ့မတူရင်တောင် ပြောထားတဲ့အဆင်အတိုင်းသွားပြီးလုပ်ကြည့်လိုက်ပါ..
BIOS Setting ထဲကိုရောက်ပြီဆိုရင် အရင်ဆုံး  Advanced  Bios Setting ကိုဝင်လိုက်ပါ..ပြီးရင်အပေါ်မှာပြော
ခဲ့သလိုပဲ
First boot device = CD ROM
Second boot device=Hard Disk

Third boot device=Disable                  ကိုပြောင်းပေးလိုက်ပါ..ပြီးရင် Key Board မှ F10  ကိုနှိပ်ပြီး
Save လိုက်ပါ.. ပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ..






ကျွန်တော်တို့ Windows 7 ကိုစပြီး Install လုပ်ပါတော့မယ်..အရင်ဆုံး Windows ခွေကိုထည့်လိုက်ပါ..ပြီးရင်
မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်ပါ..ပြီးရင်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့အောက်မှာပုံလေးတွေ
နဲ့ဆက်ရှင်းပြပေးထားပါတယ်..

( ၁ ) အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Keyboard မှာကီးတစ်ခုခုကိုနှိပ်လိုက်ပါ..



( ၂ )



( ၃ )



( ၄ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် မိမိတို့စိတ်ကြိုက် Language ကိုရွေးပေးလို့ရပါတယ်..English ပဲ
ရွေးမယ်ဆိုရင် Next ကိုဆက်ပြီးပေးလိုက်ယုံပါပဲ..



( ၅ )



( ၆ )



( ၇ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် I accept the licnense terms ကို အမှန်ခြစ်ပေးပြီး Next ကိုဆက်ပြီး
သွားလိုက်ပါ..



( ၈ ) အောက်ကပုံမှာ Upgrade နဲ့ Custom ဆိုပြီးရွေးခိုင်းထားတာရှိပါတယ်..Upgrade ဆိုတာကတော့ကျွန်
တော်တို့ အနေနဲ့ အနိမ့်ကနေ အမြင့်ကိုပြောင်းပြီးလုပ်မယ့်သဘောကိုရွေးခိုင်းတာပါ.ဥပမာ - မိမိတို့
လက်ရှိသုံးနေတဲ့ Windows Vista ကနေ Windows 7 ကိုပြောင်းပြီးတော့ သုံချင်တယ်ဆိုရင်ရွေးပေးဖို့
လိုပါတယ်..ကျွန်တော်တို့က Windows အသစ်တင်မှာဖြစ်တဲ့အတွက် Custom ကိုရွေးပေးလိုက်ပါ..



( ၉ ) အောက်ကပုံမှာ ပြထားတဲ့အဆင့်ကိုရောက်ရင်တော့နည်းနည်းသတိထားစေချင်ပါတယ်..တကယ်
လို့ ကျွန်တော်တို့က Partation ကိုမှားပြီး Format ရိုက်ပြီး Windows တင်မိပြီဆိုရင် Format ရိုက်လိုက်
တဲ့ Partation ထဲမှာရှိတဲ့ Data တွေအားလုံးဆုံးရှုံးမှာဖြစ်ပြီး အရင်တင်ထားတဲ့ Windows ကလဲတစ်ခြား
Partation တစ်ခုမှာရှိနေမှာဖြစ်တဲ့အတွက် Windows နှစ်ခုတင်မိသွားပါလိမ့်မယ်..ဒါကြောင့်ကျွန်တော်
ကအပေါ်မှာထဲက မိမိတို့ Format ချမဲ့ Disc Space ကိုမှတ်ထားခိုင်းတာဖြစ်ပါတယ်..



( ၁၀ ) အောက်ကပုံအတိုင်း မိမိတို့ Windows Setup ဖိုင်ကိုထားမဲ့ Partation ကိုရွေးလိုက်ပါ။
ဥပမာ - ကျွန်တော်တို့က Partation 2 ကို Format ချမယ်ဆိုရင် Partation 2 ကိုရွေးလိုက်ပါ..ပြီးရင်ပုံ
မှာပြထားတဲ့အတိုင်း  Drive options ( advanced ) ကိုကလစ်ပေးလိုက်ပါ..။



( ၁၁ ) ပြီးရင်အောက်ကပုံအတိုင်း Format ကိုကလစ်ပြီး Format ရိုက်ပေးလိုက်ပါ..ပြီးရင် Next ပေးလိုက်ပါ..




( ၁၂ )  အောက်ပုံအတိုင်း ဖိုင်တွေကိုဖျက်မှာလားလို့မေးပါလိမ့်မယ်.. OK ပေးလိုက်ပါ..ပြီးရင်အောက်မှာပြထားတဲ့ ပုံတွေအတိုင်းပဲ ဆက်လုပ်သွားပါလိမ့်မယ်..



( ၁၃ )



( ၁၄ ) အောက်ကပုံအတိုင်း ၆ စက္ကန့်စောင့်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်..ပြီးရင် Windows တက်လာပါလိမ့်မယ်..



( ၁၅ )



( ၁၆ )



( ၁၇ )



( ၁၈ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့  Type a user name နေရမှာမိမိတို့ ကွန်ပျူတာရဲ့အမည်ကို မိမိတို့ထားချင်တဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ..ပြီးရင် Next ကိုသွားလိုက်ပါ..



( ၁၉ ) အောက်ကအဆင့်ကိုရောက် ပြီဆိုရင်တော့ ကျွန်တော်တို့က Password ပေးခဲ့လိုက်ရင်တကယ်လို့
မိမိတို့ ကကွန်ပျူတာကို Restart ချပြီးလို့ပြန်ဝင်တဲ့အခါမှာ Administrator Password အဖြစ်အခုပေး
ထားတဲ့ Password ကိုပြန်ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်..Password မပေးခဲ့ပဲ Next ပေးလိုက်ရင်လဲ
ရပါတယ်..နောက်မှ Control Panel >>  User account  ans family safety ထဲက User Account မှာသွားပြီးပေးရင်လဲရပါတယ်..



( ၂၀ ) Product Key  နေရာမှာတော့ ကျွန်တော်တို့က ပြန်ဘမ်းထားတဲ့အခွေကိုသုံးမှာဖြစ်တဲ့အတွက်အကုန်
လုံးပြီးတော့မှ Windows Active ဖြစ်ဖို့အတွက် Windows Loader တစ်ခုခုသုံးလိုက်ရင်အဆင်ပြေသွား
ပါလိမ့်မယ်..Genuine Windows 7 DVD ၀ယ်သုံးတဲ့သူတွေကတော့ Genuine Windows 7 DVD မှာပါ
လာတဲ့ Product Key ကိုထည့်ပေးလိုက်ပါ.. Product Key မရှိတဲ့သူတွေကလဲ Automatically activate
Windows when  I'm online ကို အမှန်ခြစ်ပေးပြီး Next ကိုပေးလိုက်ပါ..



( ၂၁ ) အင်တာနက်နဲ့သုံးတဲ့ သူတွေအတွက်တော့ မိမိတို့ရဲ့ Windows ကိုအမြဲတမ်း Update လုပ်ပေးနိုင်ရင်ပိုပြီးတော့ကောင်းပါတယ်..  Use recommended setting ကိုရွေးပြီးသုံးရင်တော့ ပိုပြီးကောင်းပါတယ်..
အင်တာနက်မရတဲ့သူတွေကတော့  Ask me later  ကိုသာရွေးလိုက်ပါ..



( ၂၂ ) မိမိတို့လက်ရှိ ရောက်ရှိနေတဲ့နေရာရဲ့အချိန်ကိုရွေးလိုက်ရင်တော့ ပိုပြီးတော့ကောင်းပါတယ်..ဒီမှာ
ရွေးပေးခဲ့တဲ့ အချိန်ကကျွန်တော်တို့ကွန်ပျူတာ မှာပြပေးနေမှာဖြစ်ပါတယ်..



( ၂၃ ) ဒီအဆင့်မှာတော့ မိမိတို့အသုံးပြုမဲ့ Network ကိုရွေးပေးလိုက်ပါ..မိမိတို့လက်ရှိသုံးနေတဲ့ Network အမျိုးအစားကိုလိုက်ပြီး ရွေးပေးလိုက်ယုံပါပဲ..အင်တာနက်မရှိတဲ့ ကွန်ပျူတာတွေကတော့ Networkတစ်ခုခုကိုရွေးပေးလိုက်ပါ..



( ၂၄ )



( ၂၅ )



( ၂၆ ) ဒါဆိုရင်တော့ Windows 7 Installation လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်..




Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?

Windows တင်ပြီးရင်အရင်ဆုံး လုပ်ရမှာကတော့ မိမိတို့ Windows က Active ဖြစ်မဖြစ်ကိုကြည့်ဖို့လိုပါလိမ့်
မယ်..တကယ်လို့ မိမိတို့ Windows က Active မဖြစ်သေဘူးဆိုရင် Windows Loder တစ်ခုခုသုံးပြီး Active
လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..

အရင်ဆုံး Windows Active ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးအတိုင်း
သွားပြီးကြည့်လိုက်ပါ..အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ..ပြီးရင်  Properties ကိုသွား
လိုက်ပါ..ပြီးရင် Windows activation မှာကြည့်လိုက်ပါ..You must active today.Active windows now လို့ ပြနေ
ရင် Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..ကျွန်တော်အောက်မှာ Windows Active လုပ်ဖို့အတွက်
Windows Loader တွေတင်ပေးထားပါတယ်..မိမိတို့တင်ထားတဲ့ Windows က Active ဖြစ်ပြီးသားဆိုရင်တော့
Active လုပ်ပေးစရာမလိုပါဘူး..


အောက်ကပုံအတိုင်းပြနေပြီဆိုရင်တော့ Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..

အောက်ကပုံကတော့ Windows Active ဖြစ်နေတာကိုပြနေတာပါ



Windows  Loader  ကိုတော့အောက်ကလင့်မှာတင်ပေးထားပါတယ်..


ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..

Windows  Backup လုပ်ခြင်း

ကျွန်တော်တို့  Windows ကို  Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့  Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့  Windows  Back Up  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့  Windows  ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့  Windows  ကို  Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windowsဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ 
Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Errorတွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..
Windows ကိုဘယ်လို  Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား
ပါတယ်..
Sound Problem
ဒါကတော့  Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး
ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်
ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..
Windows 7 အသုံးပြုနည်း
ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း
ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်.. 
 ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား
လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း
ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့
သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ
သွားလိမ့်မယ်လို့ထင်ပါတယ်..


ဒီပို့စ် ကို  PDF  နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  From zSHARE

Download  From  Mediafire

Download   From  Megaupload

အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..


အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Print Friendly and PDF

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...