Friday, April 15, 2016

Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

Unknown | 4:19:00 AM | Best Blogger Tips

 

Windows 7 On Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …

၁။       Run Box (windows + R) ကိုဖွင့်ပါ။
၂။       Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
၃။       ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။
၎။       ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။       တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff            ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
၆။       Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
၇။       Apply – Ok လုပ်ပါ။
၈။       ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။
  တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။

           ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ


အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
        လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...