Friday, April 22, 2016

computer မှာ CD/DVD Drive ပျောက်နေတယ်ဆို ဒီနည်းလေးနဲ့ ဖြေရှင်းလိုက်ပါ

Unknown | 12:33:00 AM | Best Blogger Tips

 

သင့်ကွန်ပျူတာမှာ CD/DVD Drive မပေါ်တော့ရင်

သင့်ကွန်ပျူတာမှာ CD/
DVD Drive ရဲ့ Driver က Virus ကိုက်သွားမယ်ဆိုရင် Drive က အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး ။ Windows တက်နေတဲ့ အချိန်မဟုတ်တဲ့ တခြားအချိန်တွေမှာတော့ သုံးလို့ရပါတယ် ။ အဲလို ပြသနာမျိုးဖြစ်လာပြီဆိုရင် ခုနည်းလမ်းကို မသိခဲ့ဘူးဆိုရင်တော့ သင့်ကွန်ပျူတာကို သေချာပေါက် Windows ပြန်တင်ရမှာပါ ။

ကဲ အချိန်ကုန်သက်သာတဲ့ နည်းလမ်းလေးကို မှတ်ထားလိုက်ကြရအောင်

၁။ Run ထဲမှာ Regedit လို့ရိုက်ပါ ။ Registry Editor ကျလာပါမယ်။
၂။ HKEY LOCAK MACHINE \ SYSTEM \ CURRENT CONTROL SET \ CONTROL \ CLASS ထဲကို ၀င်ပါ။
၃။ အဲဒီနေရာကို ဖြန့်ချလိုက်ပါ။ {4d36e965-e325-11ce-bfc1-08002be10318} ကိုတွေ့အောင်ရှာပါ။
အပေါ်နားလေးမှာပဲ ရှိပါမယ်။ သူ့ကို ရွေးပါ။
၎။ ရွေးလိုက်ရင် သူ့ရဲ့ဘေးမှာ Lower Filters , Upper Filters စာလုံးတစ်ခုခုကို တွေ့ရပါလိမ့်မယ်။
၅။ Lower Filters ကို Right Click လုပ်ပါ ။
၆။ Delete ကိုရွေးပါ။
၇။ စက်ကို Restart လုပ်ပါ။

သင့်ကွန်ပျူတာမှာ Virus ကြောင့် Driver ပျောက်နေတဲ့ CD/DVD ပြန်ပေါ်လာပါပြီ


ကျေးဇူးတင်ပါတယ်..ကျွန်တော်ဆရာမဟုတ်ပါ
အမှားပါရင်နားလည်ပေးပါ



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...