Thursday, April 14, 2016

ဘလော့အတွက် ကိုယ်ပိုင် Application ဆော့ဝဲလေး ရေးရအောင်

Unknown | 12:36:00 AM | Best Blogger Tips

 

ဒီနေ့ခေတ်ကလည်း အင်တာနက်သုံးတဲ့လူ တော်တော်များများက ဖုန်းတွေနဲ့အသုံးပြုကြတာက ခပ်များများဆိုတော့ Online ကိုတက်တဲ့အခါ ဘလော့တွေထဲကို သိပ်မ၀င်ဖြစ်သလို ဖြစ်နေကြတာ တွေ့ရပါတယ် ..
အဲဒီတော့ ဘလော့ကာတွေအနေနဲ့ ကိုယ့်ရဲ့ဘလော့ကို ဖုန်းကနေတဆင့် အဆင်ပြေပြေနဲ့ ၀င်ရောက်ဖတ်ရှုနိုင်အောင် ဖုန်းအတွက် ကိုယ့်ဘလော့ရဲ့ Web Application ကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာကြံဖန်တီးလာကြရပါတယ် ..

ကိုယ့်ဘလော့လေးမှာ ပုံမှန်လာရောက်လေ့လာနေသူတွေထဲက ဖုန်းနဲ့အသုံးပြုသူတွေအတွက် ကိုယ့်ရဲ့ ကိုယ်ပိုင် Web Application လေးကို တင်ထားပေးလိုက်တော့ လိုချင်တဲ့သူတွေက ဒေါင်းယူပြီး ဖုန်းထဲမှာ အဲဒီ Application လေးကို Install လုပ် .. ဟော .. ဘလော့တွေထဲကိုဝင်ပြီး လေ့လာဖို့ အခက်အခဲမရှိတော့ဘူးပေါ့ ..
ကဲ .. ကျွန်တော်လည်း ကျွန်တော့ဘလော့လေးအတွက် ကိုယ်ပိုင် Web Application လေးတစ်ခုလောက် ရေးမှဖြစ်တော့မယ်ပေါ့ ..
ခက်နေတာက Application Software ရေးဖို့နေနေသာသာ ကျွန်တော့်အဖြစ်က Programming Language ဆိုတာတောင် ဘာမှန်းမသိဆိုတော့ ခက်တာပေါ့ဗျာ ..
ဒါပေမယ့် ဘာရမလဲ .. ဗမာကြံရင် ထရံတောင် ဟိုဒင်းဖြစ်သေးတယ် .. ဆိုလားပဲ .. ကြားဖူးတာကို ပြောတာပါ ..
အဲဒီတော့် ကျွန်တော်က ဥာဏ်နီဥာဏ်နက်တွေအပြင် ဥာဏ် Color ဆို ထုတ်သုံးရတော့တာပေါ့ .. ဒီဟာလေးရှိမှ .. လူစဉ်မှီ .. အဲလေ .. ဘလော့စဉ်မှီသလို ဖြစ်နေတာကိုး ...
ကဲ .. ကျွန်တော် ကျွန်တော့်ဘလော့လေးအတွက် ကိုယ်ပိုင် Web Application ဖိုင်ကို စပြီးရေးတော့ပါမယ်

ပထမဆုံး ကျွန်တော် .. ဒီကို သွားလိုက်ပါတယ် .. အောက်က ပုံအတိုင်း Website တစ်ခုကို ရောက်သွားပါတယ် ..


အဲဒီထဲက အောက်နားလေးမှာရှိတဲ့ CREATE APP NOW ဆိုတာလေးကိုနှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း နောက်တစ်ဆင့်ကိုရောက်သွားပါတယ်


အဲဒီထဲက WEBSITE ဆိုတာလေးကို ရွေးပြီးနှိပ်လိုက်တဲ့အခါ အောက်မှာပြထားတဲ့အတိုင်း
ကိုယ့်ရဲ့ apk ဖိုင်အတွက် လိုအပ်တာတွေ ဖြည့်စွက်ရမယ့်နေရာကို ရောက်ပါတယ်


အဲဒီထဲက Website URL ထည့်ရမယ့်နေရာမှာ ကျွန်တော့်ဘလော့ရဲ့ URL ဖြစ်တဲ့ patheintharlayit.blogspot.com ဆိုတာလေးကို ထည့်ပေးလိုက်ပါတယ် .. ( http:// က ပါပြီးသား) ဒီနေရာမှာ ကျွန်တော် နည်းနည်းတော့ အတတ်ဆန်းလိုက်ပါတယ် .. ဘာလဲဆိုတော့ ဖုန်းတွေရဲက သေးငယ်တဲ့ Screen တွေပေါ်မှာ အဆင်ပြေတဲ့ Resolution တွေ Size Scale တွေကို သမမျှတမှု ရှိစေချင်တဲ့အတွက် ကျွန်တော့်ဘလော့ URL ရဲ့နောက်မှာ  /?m=1  ဒါလေးကပ်ထည့်ပေးလိုက်ပါတယ် .. အဲဒီတော့ URL နေရာမှာ ကျွန်တော်ထည့်လိုက်တာက သူပေးထားတဲ့ http:// နဲ့ပေါင်းလိုက်တော့ ဟောဒီလိုဖြစ်သွားပါတယ် ..

http:/patheintharlayit.blogspot.com/?m=1

အဲ .. အောက်မှာရှိတဲ့ထဲက App name ကတော့ ဖုန်းထဲမှာ ကိုယ့်ရဲ့ Icon လေးအောက်မှာပေါ်မယ် နံမည်ပါ .. ဆော့ဝဲရဲ့နံမည်ပေါ့ဗျာ .. အဲဒါကြောင့် .. ကျွန်တော်က Pathein IT လို့ ဖြည့်ပေးလိုက်တယ် ..
သူ့အောက်က Description မှာတော့ ကိုယ်ကြိုက်တာရေးရုံပဲ .. Application Store မှာ သွားတင်ထားရင် လေ့လာသူတွေမြင်ရမယ့် ဆော့ဝဲနဲ့ဆိုင်တဲ့ ဖော်ပြချက်ပါ ..

သူ့အောက်က နေရာကတော့ Icon ရွေးရမယ့်နေရာပါ .. သူပေးထားတဲ့အတိုင်း Default Icon ကို မလိုချင်ရင် ကိုယ်လိုချင်တဲ့ Icon ကို ကြိုပြီးဖန်တီးထားပေါ့ .. ဖုန်းနဲ့ဆိုင်တဲ့ Icon တွေအတွက် သတ်မှတ် Size ကတော့ 72x72 px ဖြစ်ပါတယ် .. ကျွန်တော်ကတော့ ကိုယ့် Icon နဲ့ကိုယ် သုံးမှာဖြစ်တဲ့အတွက် Custom icon ကိုရွေးပြီး  Upload တင်ပေးလိုက်ပါတယ် ..

သူ့အောက်က အကွက်ကတော့ Auto မှာပဲ ထဲသင့်တဲ့နေရာပါ ..

အဲဒါရဲ့အောက်မှာတော့ Category ဆိုတဲ့နေရာမှာ ကိုယ်ထည့်လိုက်တဲ့ URL ပေါ်မူတည်ပြီး သူက ပြောင်းပေးထားပြီးသားဖြစ်နေပါတယ် .. အားလုံးပြီးလို့ CREATE ကိုနှိပ်လိုက်တဲ့အခါမှာ အောက်ကပုံအတိုင်း Form လေးကျလာပါတယ်


 အကောင့်တစ်ခုဖောက်သလိုပဲ ထည့်စရာရှိတာတွေထည့် I agree မှာ အမှန်ခြစ်လေး တပ်ပေးပြီး Sign Up ကိုနှိပ်လိုက်တဲ့အခါ ခဏလောက်စောင့်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..


အဲဒီထဲက Download ဆိုတာလေးကို နှိပ်ပြီး ကျွန်တော့်ရဲ့ apk ဖိုင်ကို ဒေါင်းယူလိုက်ပါတယ် ..
ရလာတဲ့ apk ဖိုင်လေးကို ဖုန်းထဲမှာ install လုပ်ပြီး သုံးကြည့်လိုက်တော့ အဆင်ပြေတာကို တွေ့ရပါတယ် .. အဆင်မပြေရင် အစအဆုံးပြန်လုပ်ရမှာလေး .. ဒါပေမယ့် .. ကျွန်တော် လုပ်ဖူးသလောက်ကတော့ တစ်ခါမှ အဆင်မပြေတာ မကြုံဖူးလေးပါဘူး .. အင်း နောက်နေ့ ကွန်နက်ရှင်ကောင်းမှ ကျွန်တော် ဒေါင်းယူထားတဲ့ apk ဖိုင်လေးကို Hosting Site တစ်ခုခုမှာ Upload တင်ပြီး လိုချင်တဲ့သူငယ်ချင်းတွေအတွက် လင့်ပေးထားရမယ် .. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အဲဒီ Website ကပေးတဲ့ apk ဒေါင်းရမယ့်လင့်ကိုပဲ တင်ပေးထားလိုက်လို့ ဒေါင်းယူတဲ့အကြိမ်ရေ 300 နဲ့အထက် ဖြစ်သွားရင် ကျွန်တော့်ကို app နဲ့ပတ်သက်ပြီး ကြော်ငြာခွန်နဲ့ အမြတ်ခွန် တောင်းလာမှာစိုးလို့ပေါ့ .. ဒါလည်း ဖတ်ထားဖူးတာပါ .. ဟုတ်မဟုတ်တော့ မသိပါဘူး ..
 ဒါလေးကိုလုပ်မကြည့်ခင် အဆင်ပြေမပြေစမ်းကြည့်ချင်ရင်တော့ အောက်မှာ ကျွန်တော့်ဘလော့ရဲ့ apk ဖိုင်လေးကိုဒေါင်းပြီး Android ဖုန်းထဲမှာ Install လုပ်ပြီး အရင်စမ်းကြည့်နိုင်ပါတယ်

Download apk for Pathein IT >> ဒီမှာဒေါင်းပါ <<

ကဲ .. အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ



အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
            လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...