Thursday, March 31, 2016

Power Supply ၏ အစိမ်းရောင်ကြိုးကို Shock ရိုက်ခြင်း

Unknown | 7:35:00 AM | Best Blogger Tips

ကွန်ပျူတာကို စတင်ဖွင့်လိုက်တာနဲ့ Power supply က အလုပ်လုပ်ပါတယ်။ ကွန်ပျူတာရဲ့ လိုအပ်တဲ့Volt အားကို Power Supply မှ စနစ်တကျ ဖြန့်ချိပေး ပါတယ်။အဲဒီလို အရေးပါတဲ့ Power supply အလုပ်လုပ်ခြင်း ရှိ၊မရှိ စမ်းသပ်တဲ့ နည်းလေးတစ်ခုကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒါကတော့ Power supply မှာ ရှိတဲ့ အစိမ်းရောင်ကြိုးကို Shock ရိုက်ခြင်းဖြစ်ပါတယ်။
အရင်ဆုံးအနေဖြင့် Power supply ရဲ့ အလုပ်လုပ်ပုံ အကြမ်းဖျင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။Power supply ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ AC(110-240) မှ ကွန်ပျူတာရဲ့ လိုအပ်တဲ့DC(12V/5V/3.3V) သို့ ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ အချို့သော Power supply များမှာဆိုရင် ACအ၀င်ကို ပြောင်းလဲပေးလို့ ရနိုင်တဲ့ Switch တစ်ခုပါရှိပါတယ်။ ၎င်း Switch က AC 230 V သို့မဟုတ်115Vကို ပြောင်းလဲအသုံးပြုခွင့်ပေးပါတယ်။ အချို့သော Power supply များမှာတော့ အ၀င် Voltage ကိုအလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့ Sensors ပါရှိပါတယ်။
Power supply နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးကတော့ AT (Advanced Technology) Power supplyဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ ATX (Advanced Technology Extended) Power supply ဖြစ်ပါတယ်။AT Power supply မှာ P8,P9 လို့ခေါ်တဲ့ Motherboard ကို Power ပေးတဲ့ Connector နှစ်ခုပါရှိပါတယ်။ ထို Connector နှစ်ခုစလုံးမှာ အစိမ်းရောင်ကြိုးကို တွေ့ရလိမ့်မည် မဟုတ်ပါဘူး။အဘယ့်ကြောင့်ဆိုသော် Power supply ဖွင့်ခြင်း၊ပိတ်ခြင်းကို Motherboard မှ ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ၊ Casing မှာရှိတဲ့ Power switch မှ ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။
ထို့ကြောင့် အစိမ်းရောင်ကြိုး Shock ရိုက်ခြင်းကို AT Power Supply မှာ အကြုံးဝင်မှာ မဟုတ်ပါဘူး။ယနေ့ခေတ် သုံးနေကြတဲ့ ATX Power Supply မှာတော့ 20 pin သို့မဟုတ် 24 pin ပါရှိတဲ့ Connectorက Motherboard ကို ချိတ်ဆက်ပြီး power ပေးပါလိမ့်မယ်။ Power supply ဖွင့်ခြင်း၊ ပိတ်ခြင်းကိုMotherboard မှ ထိန်းချုပ်ထားပါတယ်။ ထိုသို့ ထိန်းချုပ်ရာတွင် Software သို့မဟုတ် Hardware ကိုအသုံးပြုပါတယ်။
20 pin သို့မဟုတ် 24 pin ရှိတဲ့ Connector ရဲ့ (၁၆) ကြိုးမြောက် ကြိုးဟာအစိမ်းရောင်ကြိုးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အစိမ်းရောင်ကြိုးဟာ 5V ရှိပါတယ်။ 5V ရှိတဲ့အစိမ်းရောင်ကြိုးကို Grounded ဖြစ်နေတဲ့ အမည်းရောင်ကြိုးနဲ့ Shock ရိုက်လိုက်မယ်ဆိုရင် သင့်ရဲ့Power supply ကောင်းကောင်း အလုပ် လုပ်၊မလုပ် သိနိုင်ပါတယ်။ အကယ်၍ Shock ရိုက်လိုက်လို့ သင့်ရဲ့Power supply မှာရှိတဲ့ Fan ဟာ လည်ပတ်မှုမရှိဘူးဆိုရင် သင့်ရဲ့ Power supply ဟာ ပျက်နေပါပြီ။အကယ်၍ Fan ဟာ အဆတ်မပြတ် လည်ပတ်နေမယ်ဆိုရင်တော့ သင့်ရဲ့ Power supply က ကောင်းမွန်စွာအလုပ်လုပ်နေတယ်ဆိုတာ သိနိုင်ပါတယ်။
Shock မရိုက်မီ ပြင်ဆင်သင့်တာလေးတွေကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။ အရင်ဆုံး သင့်ရဲ့ကွန်ပျူတာကို လုံးဝပိတ်ပစ်လိုက်ပါ။ ပိတ်ပြီးသွားပြီဆိုရင် Device တွေ၊ Motherboard တွေ မှာတပ်ဆင်တားတဲ့ Power supply က connector တွေကို ဖြုတ်လိုက်ပါ။ Shock ရိုက်မည့် ပစ္စည်းကလည်းသတ္တူဖြစ်မနေစေရပါဘူး။ အစိမ်းရောင်ကြိုးနှင့် အမည်းရောင်ကြိုး မှလွှဲပြီး အခြားမည်သည့်ကြိုးကိုမျှမထိမိစေရန် သတိထားရပါမည်။
အောက်ပါ အခြေအနေတွေမှာ ဒီနည်းလမ်းကိုသုံးသင့်ပါတယ်။
။ ကွန်ပျူတာရဲ့ Power switch ကို နှိပ်လိုက်လို့ Power မလာဘူးဆိုရင် သုံးနိုင်ပါတယ်။တခြားဖြစ်နိုင်ချေတွေကတော့ Power switch နဲ့ ချိတ်ဆတ်ထားတဲ့ cable တွေ၊ တပ်ဆင်ထားတဲ့Interface တွေ ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Power supply ကိုသာ အစိမ်းကြိုး shock ရိုက်ပြီးစမ်းသပ်ကြည့်လိုက်ပါ။ မည်သည့် အစိတ်အပိုင်းက ပျက်နေတယ်ဆိုတာ သိရပါလိမ့်မယ်။
။ ကွန်ပျူတာဟာ ခဏခဏ Restart ဖြစ်နေမယ်ဆိုလျင်လည်း သုံးနိုင်ပါတယ်။တခြားဖြစ်နိုင်ချေတွေကတော့ windows file တွေ corrupted ဖြစ်နေတာ၊ Hardware တွေ Device တွေမှာပြဿနာတွေရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
။ ကွန်ပျူတာကို ဖွင့်လိုက်လို့ ခဏလေးအတွင်းမှာပင် ချက်ချင်း ပြန်ပိတ်သွားတယ်ဆိုရင်လည်းသုံးနိုင်ပါတယ်။
အထက်ပါ နည်းလမ်းတွေက သင့်ကို အထိုက်အလျောက် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 
Related Posts Plugin for WordPress, Blogger...